ကျွန်တော်အပါအဝင် လူတော်တော်များများက မြွေကိုကြောက်ကြပါတယ်။ တကယ်တော့ မြွေတွေဟာ တိရစ္ဆာန်တွေထဲမှာ ထူးခြားတဲ့ တိရစ္ဆာန်ပါ ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ ခြေလက်တွေမပါဘဲ သစ်ပင်တွေပေါ်ကို အလွယ်တကူ တက်နိုင်ကြတဲ့ အပြင် ကမ္ဘာပေါ်ရှိ ဘယ်နေရာမဆို နေထိုင်နိုင်ကြပါတယ်။ ပိုပြီး ထူးခြားတဲ့ တစ်ခုကတော့ မြွေတွေဟာ အနံ့ခံရာမှာ သူတို့ လျှာကို အသုံးပြုကြပါတယ်။ အနံ့ခံခြင်းရဲ့ အထူးနည်းလမ်းဟာ သူတို့နေထိုင်ရာ ပတ်ဝန်းကျင်ကို နားလည်ဖို့အတွက် သပ်ရပ်တဲ့ နည်းလမ်းများထဲက တစ်ခုလို့ ပြောလို့ ရပါတယ်။

Photo Credit – From Google
Photo Credit – From Google

အထူးသဖြင့် မြွေပွေးများ၊ စပါးအုံးမြွေများနှင့် စပါးအုံးမြွေများလိုပုံစံတူ အချို့မြွေများဟာ အခြားတိရစ္ဆာန်များမှ ထုတ်လွှတ်တဲ့ အပူကို ခံစားသိရှိနိုင်ပါတယ်။ သူတို့မှာ ကျွန်တော်တို့ လူသားတွေလို နှာခေါင်းပေါက်ပါတာ မှန်ပေမယ့် အနံ့ခံဖို့ထက် အသက်ရှုဖို့သာ အဓိကထားပါတယ်။

Photo Credit – From Google

ဥပမာ - နာရီတော်တော်ကြာကြာ မျိုချရမယ့် သားကောင်တွေကို စားတဲ့အခါမှာ နှာခေါင်းကနေ အသက်ရှုဖို့က အလွန်အသုံးဝင်ပါတယ်။ ကျွန်တော်တို့ လူသားတွေကတော့ အဲ့လိုရှုလို့မရပါဘူး ။ တကယ်လို့  သင်မယုံရင် အစာမျိုချတဲ့ အချိန်ပဲဖြစ်ဖြစ် ၊ တံတွေးမျိုချတဲ့အချိန်ပဲဖြစ်ဖြစ် အသက်ရှုလို့ ရမရ စမ်းကြည့်ပါ ။မြွေတွေလို အသက်ရှုလို့ ရမှာမဟုတ်ပါဘူး။

Photo Credit – From Google

မြွေတွေက အနံ့ကိုတော့ အာခေါင်မှာရှိတဲ့ Jacobson ဟုခေါ်တဲ့ အထူးအင်္ဂါတစ်ခုဖြင့် အနံ့ခံကြပါတယ်။ အဆိုပါ Jacobson က လျှာထိပြီး မြွေရဲ့ ဦးနှောက်ဟာ ပတ်ဝန်းကျင်ရှိ ဓာတုပစ္စည်းများကို အနံ့အဖြစ် အသိအမှတ်ပြုဖို့  ကူညီပေးပါတယ်။ မြွေတွေက  Jacobson ရဲ့ ကိုယ်တွင်းအင်္ဂါကို အနံ့ခံဖို့ အသုံးပြုတဲ့ တစ်ခုတည်းသောတိရစ္ဆာန်တော့ မဟုတ်ပါဘူး။

Photo Credit – From Google

အိမ်မြှောင် ၊ ဆာလမန်ဒါများ ၊ မြင်း ၊ ကြောင် နှင့် လိပ်များမှာလည်း တွေ့ရှိနိုင်ပါတယ်။ ဒါပေမယ့် မြွေများနှင့် အိမ်မြှောင်များမှာပဲ လျှာကို အနံ့ခံဖို့ အဆိုပါ Jacobson ကိုပဲအသုံးပြုကြတာပါ။ ဒါကြောင့် လူတွေက မြွေတွေကို သူတို့ရဲ့လျှာနဲ့ အနံ့ခံတယ်လို့ ထင်ကြတာ ဖြစ်ပါတယ်။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - eu.pressconnects

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။