မင်းသမီး Son Ye Jin နဲ့ မတ်လတုန်းက လက်ထပ်ခဲ့တဲ့ Hyun Bin ဟာ မကြာသေးခင်ကပဲ သူတို့ရဲ့ရင်သွေးလေးအတွက် ဂုဏ်ပြုခဲ့ပါတယ်။ ကိုရီးယားရုပ်ရှင်လောကရဲ့ Voting တွေအရ စက်တင်ဘာ 22 ရက်နေ့ နံနက် 7 နာရီမှာ Hyun Bin၊ Yoo Hae Jin နဲ့ Daniel Henney တို့ပါဝင်တဲ့ အက်ရှင်ဇာတ်ကား “Confidential Assignment 2: International” ဇာတ်ကားက ကြည့်ရှုသူ ၅ သန်းကျော်သွားပြီ ဖြစ်ပါတယ်။ Video တင်ပြီး ရက်အနည်းငယ်ကြတဲ့ အချိန်မှာ ကိုရီးယားရဲ့ အမြင့်ဆုံး စံချိန်ကို ရရှိခဲ့ပါတယ်။

Photo Credit : KBIZoom

“Confidential Assignment 2: International” က ယခုနှစ်အစောပိုင်းမှာ ရုံတင်ပြသခဲ့တဲ့ “The Roundup” နဲ့ “Hansan: Rising Dragon” ဇာတ်ကားတွေ 10 သန်းကျော်ပြီးနောက်မှာ ဝင်ရောက်ကြည့်ရှုသူ 5 သန်းရရှိတဲ့ တတိယမြောက် ကိုရီးယားဇာတ်ကားလည်း ဖြစ်ပါတယ်။ "Confidential Assignment 2: International" က နောက်အသစ်တင်တဲ့ ရုပ်ရှင်ကားအသစ်တွေကို ကျော်ဖြတ်ပြီး ကျော်ဖြတ်ကာ အချိန်နဲ့တပြေးညီ လက်မှတ်ကြိုတင်မှာယူမှု နှုန်းတွေက ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

Photo Credit : KBIZoom

“Confidential Assignment 2: International” မှာ မြောက်ကိုရီးယားစုံထောက် Lim Chul Ryung (Hyun Bin)၊ တောင်ကိုရီးယားစုံထောက် Kang Jin Tae (Yoo Hae Jin) နဲ့ US FBI အေးဂျင့် Jack (Daniel Henney) တို့ ပူးပေါင်းပါဝင် ပုံဖော်ထားကြပါတယ်။Season 2 မှာတော့ ရက်စက်ကြမ်းကြုတ်ပြီး လျှို့ဝှက်တဲ့ ရာဇဝတ်မှု အဖွဲ့အစည်းကို လိုက်ရှာဖို့အတွက် တောင်ကိုရီးယားကို ပြန်သွားတဲ့ Rim Chul Ryung ရဲ့ နောက်ဆက်တွဲပဲ ဖြစ်ပါတယ်။

Photo Credit : KBIZoom
Photo Credit : KBIZoom

Hyun Bin ကတော့ သူ့ပါဝင်ထားတဲ့ဇာတ်ကားတိုင်းက အောင်မြင်တာမို့ ဒီတစ်ခါမှာလည်း အရမ်းကိုမျှော်လင့်ထားကြတာပါ။ Season 1 မှာ ကတည်းက မင်းသားနဲ့ မင်းသမီးတွေက အရမ်းကို Chemistry မိလွန်းတာမို့ Good Comment တွေပဲ ရခဲ့ပါတယ်။ 2017 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “Confidential Assignment” ကို ကြည်ရှု့ခဲ့သူပေါင်း 7.81 သန်း ရှိခဲ့ပြီး Season 2 မှာတော့ လက်ရှိမှာ 3.5 သန်း ရှိနေပါပြီ။

Photo Credit : KBIZoom
Photo Credit : KBIZoom

သတင်းအရင်းမြစ်: KBIZoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။