ကမ္ဘာ့အကြီးဆုံး ရိုစတီ - ဆွဇ်ရိုးရာ အာလူးကြော်ကို Bern မြို့မှာ ပြီးခဲ့တဲ့ တနင်္လာနေ့ကကြော်လှော်ခဲ့ပြီး ယခင်စံချိန်ကို ချိုးဖျက်ခဲ့တယ်လို့ ဆွစ်လယ်သမားသမဂ္ဂ (USP) မှ ပြောကြားခဲ့ပါတယ်။ သုံးစတုရန်းမီတာရှိတဲ့ ကြော်စာပြုလုပ်ခဲ့ရာမှာ ၁၉၉၄ ခုနှစ်က ဆွစ်ဇာလန်နိုင်ငံအလယ်ပိုင်း Thun မှာ လုပ်ခဲ့တဲ့ စံချိန်ကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ပြီး စံချိန်အသစ်မှာ ၁၃.၇ စတုရန်းမီတာ ရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit - sg.news
Photo Credit - sg.news

ဆွစ်ဇာလန်လယ်သမားများက ဒီလို ချက်ပြုတ်တဲ့ ရိုးရာပွဲကို နှစ်စဉ်ကျင်းပကြတာဖြစ်ပြီး ယခုထိကျင်းပလာတာဟာ ၁၂၅ ကြိမ်မြောက်ရောက်ရှိလာခဲ့လို့ သိရပါတယ်။ အခမ်းအနားကို ကျင်းပရာမှာ ဆွစ်ဇာလန်အစိုးရနှင့် ပါလီမန် အဆောက်အအုံများရှေ့ရှိ ဖက်ဒရယ်ရင်ပြင်မှာ ပြုလုပ်ကြပြီး ကြော်တဲ့ ဒယ်အိုးပုံစံကိုတော့ ဆွစ်ဇာလန်အလံနှင့်တူတဲ့ လက်ဝါးကပ်တိုင်ပုံသဏ္ဍာန် ပြုလုပ်ထားကြတာ ဖြစ်ပါတယ်။

Photo Credit - sg.news
Photo Credit - sg.news

ချက်ပြုတ်ပြီးတဲ့ အခါမှာလည်း အကြော်အလှော်များကို အများအပြား လာရောက်ကြည့်ရှုသူများကို ပြန်လည်ဝေမျှကျွေးမွေးခဲ့ကြပါတယ်။ အဆိုပါ ချက်ပြုတ်တဲ့ ဟင်းလျာကိုတော့ အမျိုးသားရေး ဟင်းလျာ"Rostigraben" လိုခေါ်ဆိုကြပါတယ်။ တနင်္လာနေ့မှ ချက်ပြုတ်ထားတဲ့ အာလူးများဟာ ဆွစ်ဇာလန်ရဲ့ ဒေသတိုင်းမှ ရိတ်သိမ်းခဲ့တဲ့ အာလူးများဖြစ်ပါတယ်။

Photo Credit - sg.news
Photo Credit - sg.news

သတင်းအရင်းမြစ်: Source - sg.news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။