Extraordinary Attorney Woo ဟာဆိုရင်အခုနှစ်ထွက်ခဲ့တဲ့ ဒရမ်မာတွေထဲ နာမည်ကြီး ဒရမ်မာတစ်ခုဖြစ်ပါတယ်။ အဲ့ဒီထဲကမင်းဟား Joo Jung Hyuk ကပရိသတ်တွေကို ကိစ္စတစ်ခုဝန်ခံခဲ့ပြီး အားလုံးအံ့ဩမှင်သက်ခဲ့ပါတယ်။

အသက် ၂၅ နှစ်မှာအနုပညာလောကထဲစဝင်ခဲ့ပြီး ၈ နှစ်ကြာအနုပညာလောကထဲကျင်လည်ခဲ့တဲ့ Joo Jung Hyuk ဟာ Extraordinary Attorney Woo ထဲကသသူ့ရဲ့ ဗီလိန်ဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိထားသူဖြစ်ပါတယ်။ ပြီးတော့လည်း မကြာခင်ကမှထွက်ရှိခဲ့တဲ့ “ My Little Old Boy” မှာလည်းသရုပ်ဆောင်ခဲ့ပြီး ဒရမ်မာအပြီးအင်တာဗျူးမှာသူ့ရဲ့လက်ရှိအခြေအနေကို ပြောပြခဲ့ပါတယ်။

အဲ့ဒီမှာသူက လက်ရှိမှာသူနဲ့အတူ သရုပ်ဆောင်မင်းသား hyun တို့ဟာတစ်အိမ်ထဲမှာ လင်မယားတွေလိုအတူနေလာခဲ့တာ ၈ နှစ်လောက်ရှိပြီဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ MC တွေကအတူနေရတာ အဆင်မပြောတာတွေဘာတွေမရှိဖူးလားလို့ မေးတဲ့အခါသူက ကျနော်တို့ ၈ နှစ်လောက်အတူနေလာခဲ့ပေမယ့် တစ်ခါမှရန်ဖြစ်တာမျိုးမရှိခဲ့ဖူးပါဘူး၊

ကျနော်တို့တစ်ဦးနဲ့တစ်ဦး အပြန်အလှန်စောင့်ရှောက်ပြီး နေခဲ့ကြတာပါ” လို့ပြန်ပြီးဖြေခဲ့ပါတယ်။ Joo Jung Hyuk ရဲ့အခုလိုပြောပြတာကိုသိရပြိးတဲ့နောက် ပရိသတ်တွေရော မေးခွန်းမေးနေတဲ့ MC တွေပါအံ့ဩသွားခဲ့ပါတယ်။

Joo Jung Hyuk ဟာဆိုရင်နယူးဇီလန်မှာကျောင်းတက်ခဲ့ပြီး လွတ်လပ်ရေးဇာတ်ကားတွေနဲ့အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့ကာ BH Entertainment နဲ့စာချုပ်ချုပ်ဆိုထားပါတယ်။ သူ့အနေနဲ့ နောက်နှစ်ထွက်မယ့် ဇာတ်ကားတစ်ကားမှာလည်း သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Photos-credit

Source; KBIZoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။