Lee Jong Suk ရဲ့ ကိုရီးယားအနုပညာလောကမှာ သူ့ရဲ့အောင်မြင်မှုနဲ့ သရုပ်ဆောင်ပီပြင်မှုကို အားလုံးကအသိအမှတ်ပြုကြပါတယ်။ သူ့ကိုတော့ Big Mouth နဲ့လတ်တလောမှာ လူသိများနေတာလည်းဖြစ်ပါတယ်။ Big Mouth ရဲ့နောက်ဆုံးအပိုင်းကို ထုတ်လွှင့်ပြီးတဲ့နောက် Lee Jong Suk ကိုလွမ်းနေကြတဲ့ပရိသတ်တွေအနေနဲ့ စက်တင်ဘာ ၂၁ ရက်နေ့ကကျင်းပခဲ့တဲ့ ပွဲမှာထင်းထင်းလင်းလင်းနဲ့ ပြန်ပြီးမြင်တွေ့လိုက်ရပါတယ်။

ဆိုးလ်မှာကျင်းပတဲ့ Valentino Event မှာ အပေါ်အောက် ပန်းရောင်ဝမ်းဆက်နဲ့ ပွဲတက်လာတဲ့ Lee Jong Suk ဟာပွဲတက်လာသူတွေကြား အထင်ရှားဆုံးဖြစ်နေခဲ့ပြီး မီဒီယာတွေအပြင် ပရိသတ်တွေရဲ့အာရုံစိုက်တာကိုပါ ခံခဲ့ရပါတယ်။

ပန်းရောင်စနီကာဖိနပ်၊ ပန်းရောင်ဘောင်းဘီ၊ ပန်းရောင်အိတ် ကနေ ပန်းရောင်ဟူဒီ အထိ ဖက်ရှင်နဲ့အားလုံးကြားထင်းနေပြီး ပွဲတစ်ခုလုံးရဲ့ အာရုံစိုက်မှုကိုဖမ်းစားထားနိုင်ခဲ့ပါတယ်။

သူ့ရဲ့ယောကျာ်းဆန်တဲ့ပုံ၊ မိန်းကလေးတွေအကြိုက် ရှည်လျားတဲ့အရပ်၊ ချောမောတဲ့ရုပ်ရည်တွေအပြင် အခုလိုဖက်ရှင်အမြင်ရှိမှုတွေက မိန်းကလေးတွေရဲ့အသည်းကိုဖမ်းစားထားလျက်ရှိပါတယ်။

Lee Jong Suk ဟာဆိုရင် Big Mouth မှာသာမက “ School 2013” “ Pinocchio” ‘Doctor Stranger” “ While You Were Sleeping” စတဲ့ ဒရမ်မာတွေနဲ့လည်း rating တွေအများကြီးရခဲ့ကာ ကိုရီးယားရဲ့သရုပ်ဆောင်အကောင်းဆုံး အနုပညာရှင်ဖြစ်ကြောင်း သက်သေပြထားနိုင်ခဲ့ပါတယ်။

Photos-credit

Source: KBIZoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။