Swift လို့ခေါ်တဲ့ ဒီပျံလွှားနဲ့တူတဲ့ ငှက်များဟာ အာဖရိကမှာ သူတို့ရဲ့ ဆောင်းရာသီကို ကုန်ဆုံးဖို့ ယူကေမှ နှစ်စဉ် မိုင် ၁၄,၀၀၀ ခန့် ခရီးနှင်ကာ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ရွှေ့ပြောင်းနေထိုင်မှု ပြုလုပ်လေ့ရှိပါတယ်။ ဒါက အံ့ဩစရာဖြစ်နေပေမယ့် University of Lund ရဲ့ သုတေသနအသစ်က သူတို့တွေဟာ နားယူ ဆင်းသက်ခြင်းမရှိဘဲ 10 လတာလုံး လေထဲမှာ မယုံနိုင်လောက်အောင်ကို ပျံသန်းနေခဲ့ကြတာပါ။ ဒါဟာ မေးခွန်းအသစ်များ ထွက်ပေါ်လာပါတယ်။ ဒီအချိန်မှာ သူတို့ရဲ့ စွမ်းအင်ကို ဘယ်လို ထိန်းသိမ်းကြမလဲ။ ဘယ်လိုအိပ်ကြလဲ?

မိုက်ခရိုဒေတာ စက်လေးများကို ငှက် ၁၃ ကောင်မှာ ချိတ်တွဲပေးထားခြင်းဖြင့် သုတေသီများဟာ အချိန်ကြာမြင့်စွာ သူတို့ရဲ့ လှုပ်ရှားမှုများကို ခြေရာခံနိုင်ခဲ့ပါတယ်။ အချို့ငှက်များအတွက် ဒီခရီးဟာ နှစ်နှစ်အထိကြာမြင့်နိုင်ပြီး ဒီစက်လေးများဟာ တည်နေရာ၊ အရှိန်နှင့် သူတို့လေပေါ်ရှိ၊မရှိနဲ့ပတ်သက်တဲ့ အချက်အလက်များကို ပြန်လည်ပေးပို့ခဲ့ပါတယ်။ Current Biology ဂျာနယ်မှာ ထုတ်ဝေခဲ့တဲ့ ရလဒ်များအရ အချို့ငှက်များဟာ ၁၀ လကြာ ဆက်လက်ပျံသန်းနိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး ခဏတာ ဆင်းသက်နာသူများဟာလည်း ၉၉.၅ ရာခိုင်နှုန်းလောက်ကို လေထဲမှာပဲ ၁၀ လကြာ ပျံသန်းနေခဲ့တာပါ။

စိတ်ဝင်စားစရာမှာ ဘယ်တော့မှ ဆင်းသက်ခြင်းမရှိတဲ့ ငှက်များဟာ အတောင်များနှင့် အမြီးများမှာ အမွေးအသစ်များ ရခဲ့ကြ‌ပေမယ့်လည်း ဆင်းသက်တဲ့ ငှက်များက‌တော့ အမွေးအသစ်များ မရကြပါဘူး။ ဒါဟာ ခန္ဓာကိုယ်အခြေအနေ အနည်းငယ်ကွာခြားမှုကို ညွှန်ပြနိုင်တာမျိုး ဒါမှမဟုတ် ကပ်ပါးကောင်များရဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်တယ်လို့ သုတေသီများက ခန့်မှန်းကြပါတယ်။ ဒါ့အပြင် သုတေသနပြုချက်များအရ ငှက်များရဲ့ ပျံသန်းမှုဟာ ညဘက်ထက် နေ့ဘက်မှာ နည်းပါးကြောင်းပြသခဲ့ပြီး နေ့ဘက်မှာ ပူနွေးတဲ့ အထက်လေစီးကြောင်းများပေါ်မှာ ပျံသန်းနေတဲ့ ငှက်များဟာ စွမ်းအင်ချွေတာခြင်းကြောင့် ဖြစ်နိုင်တယ်လို့ သုတေသန ပညာရှင် Hedenström က ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့်လည်း သုတေသီများဟာ ဒီလို လေထဲမှာ ရှိနေတဲ့ အချိန်အတွင်း ငှက်များ ဘယ်လိုအိပ်ကြတယ်ဆိုတာ မသိကြသေးပါဘူး။

သတင်းအရင်းမြစ်: Science Focus

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။