တိရစ္ဆာန်တိုင်းမှာ သဘာဝတရားကပေးထားတဲ့ ကိုယ့်ကိုကို ကာကွယ်နိုင်စွမ်းတွေ ရှိကြပါတယ်။ အဲ့လိုသဘာဝတရားကပေးတဲ့ အစွမ်းတွေထဲမှာ မျက်စိကနေ သွေးနဲ့ပစ်တဲ့ အစွမ်းလည်းပါပါတယ်။ မြွေတွေလို သွားကနေ အဆိပ်နဲ့ပစ်တာမဟုတ်ပဲ မျက်စိကနေပစ်တာပါ။ မိုက်တယ်မလား။ ဒီအစွမ်းကို ပိုင်ဆိုင်ထားတဲ့ မျိုးစိတ်ကတော့ ချိုတွေပါတဲ့ ပုတ်သင်ညိုမျိုးစိတ်ဖြစ်ပါတယ်။

ဒီပုတ်သင်ညိုတွေဟာ နွေရာသီနှောင်းပိုင်းမှာ မွေးဖွားလာရင် အလွန်ထက်မြက်တဲ့ ရှင်သန်မှုဗီဇရှိတတ်ကြပါတယ်။ သူတို့ရဲ့ စေးကပ်တဲ့ လျှာများဟာ ရော်ဘာလို ဆွဲထုတ်နိုင်ပြီး ပင့်ကူများ၊ ပိုးကောင်များနှင့် ပုရွက်ဆိတ်များကို ဖမ်းဖို့ အဆင်သင့်ပါပဲ။ ဒါပေမယ့် သူတို့အတွက် မြွေပွေးများနှင့် လူများကတော့ စိန်ခေါ်မှုတစ်ခုပါပဲ။ အဲ့လိုအချိန်ကျ သူတို့ဟာ ပုန်းအောင်း‌နေတတ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနှင့် မက္ကဆီကိုအနောက်ပိုင်းရှိ အရီဇိုးနားပြည်နယ်ရှိ သူတို့ရဲ့ သဲကန္တာရနေအိမ်များမှာ အရာအားလုံးနီးပါးနဲ့ ရောစပ်ဖို့ အရောင်များ ပြောင်းလဲနိုင်ပါတယ်။

အဲ့လို ပုန်းတာ အလုပ်မဖြစ်ရင် သူတို့ဟာ ပူဖောင်းလိုမျိုး ဖောင်းကားလာစေဖို့ လေကိုစုပ်လိုက်ပါတယ်။ အဲ့ခါကျ သူတို့ဟာ ကြီးမားလာတာမို့ တစ်ဖက်ရန်သူကို ခြောက်လန့်နိုင်ပါတယ်။ ဒါပေမယ့် ဒါတွေဟာ သွေးများကျဲကျဲကျဲနှင့် နှိုင်းယှဉ်ရင် ဘာမှမဟုတ်ပါဘူး။ နောက်ဆုံးနည်းလမ်းအနေနဲ့ ဒီတွားသွားသတ္တဝါများဟာ အံ့အားသင့်စရာဖြန်းဆေးကို အသုံးပြုပါတယ်။ ဒီလို ဖြစ်ပေါ်စေဖို့အတွက် သူတို့ရဲ့ မျက်လုံးများအနီးရှိ သွေးကြောများကို ဖောက်ထုတ်နိုင်ပြီး သူတို့ဟာ သားကောင်ရဲ့ ပါးစပ်ဆီ သွေးကို ဦးတည်ပစ်နိုင်ပါတယ်။ ဒါဟာ ရန်သူများ ပြေးလွှားစေတဲ့ အရသာဆိုးဖြစ်ပါတယ်။ ဒီသွေးဟာ ၃ ပေထိ ရောက်နိုင်ပါတယ်။

သတင်းအရင်းမြစ်: National Geographic

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။