ငှက်ဆင်ဆိုတဲ့ ငှက်ကို အားလုံးစိကြမှာပါ။ သူ့ကိုငှက်ဆင်ဆိုပြီး ပေးထားတာကလည်း အကြောင်းမဲ့မဟုတ်ပါဘူး။ ဒီငှက်မျိုးစိတ်ဟာ ကမ္ဘာပေါ်က ငှက်တွေထဲမှာ အကြီးဆုံး ငှက်ဖြစ်နေလို့ပါပဲ။ ဒါကြောင့် ကြီးမားလှတဲ့ ဆင်လို အရွယ်အစားကြောင့် ဒီငှက်ကို ငှက်ဆင်လို့ ခေါ်ကြတာပါ။ သူတို့ရဲ့နောက်ထပ်ကြီးတဲ့ အရာရှိပါသေးတယ်။ အဲ့ဒါကတော့ သူတို့ရဲ့ မျက်လုံးပါ။

ဘယ်လောက်ကြီးလဲဆိုတော့ ကမ္ဘာပေါ်က တိရစ္ဆာန်အားလုံးထက် ကြီးတယ်လို့ ဆိုပါတယ်။ ဒီလောက်ကြီးတဲ့ အရွယ်အစားကြောင့် သူတို့ ဦးနှောက်ထက်လည်း မျက်လုံးက ပိုကြီးနေပါတယ်။ ခေါင်းမလေးကြဘူးလားမသိဘူးနော်။ သူတို့‌တွေ မြေကြီးထဲ ခေါင်းစိုက်တာတောင် သိကြမှာပါ။ ဒါကခေါင်းလေးလို့တော့ မဟုတ်ပါဘူးနော်။ ငှက်ကုလားအုတ်တစ်ကောင်ရဲ့ မျက်လုံးများဟာ အချင်း ၂ လက်မ (၅ စင်တီမီတာ) ခန့်ရှိပြီး ဆိုလိုတာက‌တော့ ဘိလိယက်ဘောလုံးအရွယ်အစားနီးပါးရှိပါတယ်။ ငှက်ကုလားအုတ်ဟာ သူ့ရဲ့ ကုန်းနေလူနေမှုပုံစံနှင့် လိုက်လျောညီထွေဖြစ်အောင် ကြီးမားတဲ့ မျက်လုံးများ လိုအပ်ပါတယ်။

ဘယ်အန္တရာယ်ကိုမဆို မြင်လျှင် သဲထဲမှာ ခေါင်းကို ဖုံးကွယ်ထားလေ့မရှိပါဘူး။ အမြင့် ၉ ပေအထိ ရှည်လျားတဲ့ လည်ပင်းနှင့် ခြေထောက်များကြောင့် သူဟာ မြက်ခင်းပြင်နှင့် ချုံပုတ်များပေါ်မှာ ကောင်းမွန်တဲ့ မြင်ကွင်းကို ခံစားရရှိစေပါတယ်။ သူ့ရဲ့ ကြီးမားလှတဲ့မျက်လုံးများဟာ မှန်ဘီလူးက ပုံရဲ့အရွယ်အစားနှင့် ပေါင်းစပ်ထားတဲ့ photoreceptor ဆဲလ်များစွာရှိပါတယ်။ ဒီလိုမျက်လုံးများဟာ ငှက်ကုလားအုတ်ကို ဝေးလှတဲ့အကွာအဝေးကနေတောင် သားကောင်များရဲ့ အသေးစိတ်အချက်အလက်များကို အံ့မခန်း မြင်နိုင်စေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် အန္တရာယ် မြင်ပါက ကြီးမားပြီး ရှည်လျား သန်မာလှတဲ့ ခြေထောက်များဖြင့် တတ်နိုင်သမျှ မြန်မြန် ပြေးသွားမှာ ဖြစ်ပါတယ်။

သတင်းအရင်းမြစ်: Jagran Josh

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။