ပါကစ္စတန်မှာ ရေကြီးပြီးနောက်ပိုင်း အစာအိမ်ရောဂါ၊ ငှက်ဖျားရောဂါ ကူးစက်မှုများကြောင့် တနင်္လာနေ့ (စက်တင်ဘာ ၁၉ ရက်) မှာ အနည်းဆုံး လူကိုးဦး ထပ်မံ သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ကူးစက်ရောဂါများကြောင့် သေဆုံးသူမှာ ၃၁၈ ဦးအထိ ရှိလာပြီလို့ သိရပါတယ်။
ရေကြီးမှုကြောင့် သေဆုံးသူဦးရေမှာ ကလေးငယ် ၅၅၁ ဦးနှင့် အမျိုးသမီး ၃၁၈ ဦးတို့ အပါအဝင် ၁၅၅၉ ဦးအထိ ရှိခဲ့ပြီး အဲ့ဒီထဲမှာ ရောဂါကြောင့် သေဆုံးသူများ မပါဝင်သေးဘူးလို့ နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီက ပြောကြားခဲ့ပါတယ်။ ရေကြီးခဲ့တဲ့ ဒေသတွေမှာ ရေများညစ်ညမ်းမှုများကြောင့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောနှင့် အရေပြားပြဿနာများကဲ့သို့ ရောဂါများကို ဖြစ်ပေါ်ခဲ့ပြီး အများစုမှာ တောင်ပိုင်း Sindh ပြည်နယ်များမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တနင်္လာနေ့က အစာအိမ်ရောဂါ၊ ပြင်းထန်ဝမ်းလျှောမှုနှင့် သံသယရှိငှက်ဖျားရောဂါကြောင့် လူကိုးဦး သေဆုံးခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၃၁၈ ဦးရှိပြီဖြစ်ပါတယ်။ ရေလွှမ်းမှုကြောင့် လူဦးရေ ၃၃ သန်းနီးပါးလောက် ရေဘေးသင့်ခဲ့ရပြီး နေအိမ်များ ၊ ကောက်ပဲသီးနှံများ၊ တံတားများ၊ လမ်းများနှင့် တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံခန့် ဆုံးရှုံးခဲ့ပါတယ်။
သတင်းအရင်းမြစ်: Source - CNA
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။