အစ္စရေးနိုင်ငံရှိ ကမ်းခြေမှာ တွေ့ရှိခဲ့တဲ့ ရှေး‌ဟောင်း သင်္ချိုင်းဂူတစ်ခုကနေ အီဂျစ် ဖာရော ရာမက်စ် ၂ လက်ထက်က မြေအိုး အပိုင်းအစများ နှင့် ကြေးဝါ ပစ္စည်းများ ပြည့်နှက်နေတာကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေး ရှေးဟောင်းသုတေသန ပညာရှင်များက တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာခဲ့ပြီး တစ်သက်မှာ တစ်ကြိမ်သာ တွေ့ရခဲတဲ့ ဖြစ်ရပ်လို့ဆိုပါတယ်။

Photo Credit – From Google
Photo Credit – From Google

အဲ့ဒီရှေး‌ဟောင်း ပစ္စည်းတွေကို Palmahim အမျိုးသားဥယျာဉ်မှာ အလုပ်လုပ်နေတဲ့ စက်ပြင် သမားတစ်ယောက်က စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးရှေးဟောင်းပစ္စည်းအာဏာပိုင်မှ ထုတ်ပြန်တဲ့ ဗီဒီယိုတစ်ခုမှာ အဆိုပါ သင်္ချိုင်းဂူဟာ  ဘီစီ ၁၂၁၃ လောက် ကွယ်လွန်သွား ခဲ့တဲ့ နန်းသက်အရှည်ဆုံး  ရှေးအီဂျစ်ဘုရင်တစ်ပါး ရဲ့ ဂူလို့ မှန်းဆခဲ့ကြပါတယ်။ ဂူက အတော်လေးကို ကျယ်ဝန်းပြီး အထဲမှာ အရွယ်အစားအမျိုးမျိုးရှိတဲ့ မြေအိုးများ ၊ ပန်းကန်ပြားများ ၊ ဟင်းချက်အိုး ၊ သိုလှောင်အိုး ၊ မီးအိမ် နှင့် ကြေး လှံခေါင်းများကို မြင်တွေ့ရတယ်လို့ ဆိုပါတယ်။

Photo Credit – From Google
Photo Credit – From Google

ပြီးတော့ ဂူထောင့်ရှိ စတုဂံမြေကွက်နှစ်ကွက်မှာ မပျက်မစီးသေးတဲ့  အရိုးစုတစ်ခုကိုလည်း တွေ့ရှိခဲ့ပါတယ်။ အလားတူ လွန်ခဲ့တဲ့လကလည်း အစ္စရေးနိုင်ငံရဲ့ သဲကန္တာရတောင်ပိုင်းမှာ နှစ်ပေါင်း ၁၂၀၀ သက်တမ်းရှိ ခမ်းနားထည်ဝါတဲ့  ရှေးဟောင်းဗလီတစ်ခုကို ပညာရှင်များက တူးဖော်တွေ့ရှိခဲ့ပါတယ်။

Photo Credit – From Google

သတင်းအရင်းမြစ်: Source – CBS News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။