ကစားပွဲ(၇)ပွဲမှာ အဝေးကွင်း(၃)ပွဲရှုံးနိမ့်ခဲ့ပြီး ကစားသမားတွေရဲ့ ကစားပုံကို အားမရတာကြောင့် ချယ်လ်ဆီးအသင်းပိုင်ရှင်အသစ်က ခန့်အပ်ထားတာ သိပ်မကြာသေးတဲ့ ချယ်လ်ဆီးနည်းပြဟောင်း သောမတ်တူချယ်လ်ကို အခွင့်အရေးလုံးဝမပေးဘဲ ယမန်နေ့ စက်တင်ဘာ(၇)ရက်နေ့က ချက်ချင်းဆိုသလို ထုတ်ပယ်လိုက်ပါတယ်။

Photo Credit From Original Uploader

ဒါ့ကြောင့် ချယ်လ်ဆီးက ယခုလောလောဆယ် လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် အင်္ဂလန်လူမျိုး နည်းပြတစ်ဦးဖြစ်သူ ဂရေဟမ် ပေါ်တာကို နည်းပြသစ်အဖြစ် ချက်ချင်းပင်ခန့်အပ်လိုက်ကြောင်း နည်းပြဟောင်းကိုဖြုတ်ဖြုတ်ပြီးချင်းတစ်ရက်အတွင်းမှာတင် တရားဝင် ထုတ်ပြန် ကြေညာသွားပြီပဲဖြစ်ပါတယ်။

Photo Credit From Original Uploader

ချယ်လ်ဆီးအသင်းကက ဂရေဟမ် ပေါ်တာကို (၅)နှစ် သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ်နဲ့ ခေါ်ယူခန့်အပ်ခဲ့တာဖြစ်လို့ အရင်လို ရလဒ်ဆိုးတာနဲ့ နည်းပြကို ချက်ချင်းထုတ်ပယ်လို့ မရတော့ပါဘူး။ တကယ်လို့သာ တူချယ်လ်နည်းတူ ဂရေဟမ်ပေါ်တာကို အလျင်စလို ထုတ်လိုက်ရင် ပေးရမယ့် လျော်ကြေးက အနိမ့်ဆုံး ပေါင် (၃၀)သန်း ဝန်းကျင် ကနေ စနိုင်တာဖြစ်တာကြောင့်ပါပဲ။ ဒီနည်းပြအသစ်နဲ့ချယ်လ်ဆီးအသင်းဟာအောင်ပွဲတွေဆက်လာမလားဆိုတာတော့အတော်လေးစိတ်ဝင်စားစရာပါပဲ။

Photo Credit From Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။