ယမန်နေ့ စက်တင်ဘာ(၇)ရက်နေ့က ချယ်လ်ဆီးအသင်း နည်းပြဖြစ်သူ သောမတ်စ်တူချယ်လ် ဟာ အသင်းရဲ့ကစားပုံတွေ အဆင်မပြေဖြစ်နေမှုကြောင့် အသင်းပိုင်ရှင် ရဲ့ ထုတ်ပယ်မှုကိုခံလိုက်ရပါတယ်။ အဲ့သလိုထုတ်ပယ်ခံရပြီးနောက်မှာ ချယ်လ်ဆီးနည်းပြအသစ်ဘယ်သူဖြစ်လာမလဲဆိုတာ ပရိသတ်တွေကအတော်လေးစိတ်ဝင်စားနေကြပါတယ်။ အခုအခါမှာတော့ ချယ်လ်ဆီးနည်းပြအသစ်ဖြစ်လာနိုင်တဲ့ လူ(၆)ဦးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Photo Credit From Original Uploader

(၁) မော်ရစ်စီယို ပိုချက်တီနို

ပိုချက်တီနိုဟာ (၂၀၂၀) ခုနှစ်နှောင်းပိုင်းတည်းက ချယ်လ်ဆီးအသင်းနှင့် ချိတ်ဆက်နေခဲ့သူဖြစ်ပြီး လက်ရှိ သူဟာ စပါးအသင်းမှာ နည်းပြအဖြစ် လုပ်ခဲ့အပြီးမှာတော့ သူ့ရဲ့ ဂုဏ်သတင်းမှာ ခိုင်မာလာတာဖြစ်ပြီး စတန်းဖို့ဒ်ဘရစ်ချ်ကို ဝင်ရောက်လာဖို့ ရေပန်းအစားဆုံးနည်းပြဖြစ်နေပါတယ်။

Photo Credit From Original Uploader

(၂) ဂရေဟမ်ပေါ်တာ

လက်ရှိချယ်လ်ဆီးအသင်းပိုင်ရှင်က ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ နည်းပြဖြစ်ပြီး အခုလက်ရှိမှာလည်း ဘရိုက်တန်အသင်းကို ကိုင်တွယ်နေသူဖြစ်ပါတယ်။ ပေါ်တာ ဟာ ကစားသမားများထံမှ လေးစားမှုရရှိရုံသာမက နည်းဗျူဟာပိုင်းအရ တွေးခေါ်ပုံ နှင့် လိုက်ဖက်ညီတဲ့ပုံစံ ဖန်တီးမှုမှာ အရမ်းတော်တဲ့အတွက် ချယ်လ်ဆီး အသင်းနည်းပြရာထူးကို ရယူဖို့ ခြေလှမ်းလှမ်းလာတာဟာ သူ့ရဲ့ ကစားသမား ဘဝ ရဲ့ အကြီးမားဆုံး စမ်းသပ်မှု ပဲ ဖြစ်ပါတယ်။

Photo Credit From Original Uploader

(၃) ဇီနဒင်း ဇီဒန်း

ချန်ပီယံလိဂ် (၃)ကြိမ်ရရှိထားတဲ့ နည်းပြ ဇီဒန်းဟာ (၂၀၂၁) ခုနှစ် နွေရာသီ က ရီးယဲလ်မက်ဒရစ် မှ ထွက်ခွာပြီးကတည်းက အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး လက်ရှိမှာ ချယ်လ်ဆီးကစားသမားများ လိုအပ်နေတဲ့ နည်းဗျူဟာဆိုင်ရာ အကြံဉာဏ်များပေးနိုင်မယ့် ပါရမီအရှိဆုံး အသင်းနည်းပြအဖြစ် ရေပန်းစားနေတာဖြစ်ပါတယ်။

Photo Credit From Original Uploader

(၄) မာဆယ်လို ဘီအယ်ဆာ

အင်္ဂလန်တစ်ဝှမ်းမှာရှိတဲ့ ပရိသတ်များနှင့် ပိုင်ရှင်များကို အထင်ကြီးစေနိုင်ခဲ့သူ အသက်(၆၇)နှစ်အရွယ်ရှိ ဘီအယ်ဆာ ဟာ ဥရောပထိပ်တန်းအသင်း လိဒ်အသင်းမှာ နည်းပြလုပ်ခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး လိဒ် အသင်းမှာ ရလဒ်တွေအတော်ဆိုးရွားတာကြောင့်ထွက်ခွာခဲ့ရသူဖြစ်တာကြောင့် သူ့ကို နည်းပြအဖြစ် ခန့်အပ်ဖို့က ချယ်လ်ဆီးအသင်းအနေနဲ့ အတော်လေးစွန့်စားရာကျလွန်းပါတယ်။

Photo Credit From Original Uploader

(၅) ဒီယေဂို ဆီမြွန်နီ

ချယ်လ်ဆီး ရဲ့ အအောင်မြင်ဆုံးနည်းပြဟောင်း တွေဖြစ်ကြတဲ့ မော်ရင်ညို နဲ့ အန်တိုနီယိုကွန်တီတို့ လျှောက်လှမ်းခဲ့တဲ့ သမိုင်းကြောင်းအရဆိုရင် ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် မှာ အက်သလက်တီကိုမက်ဒရစ်အသင်း ကနေ ထွက်ခွာခဲ့တဲ့ ဒီယေဂိုဆီမြွန်နီ နဲ့သာ အသင့်တော်ဆုံးလို့ ချယ်လ်ဆီးပရိသတ် တော်တော်များများက ထင်မြင်နေကြပါတယ်။

Photo Credit From Original Uploader

(၆) ဂျွန်တယ်ရီ

ချယ်လ်ဆီးအသင်းရဲ့ နာမည်ကျော်ကစားသမားဟောင်း ဂျွန်တယ်ရီ ဟာ ချယ်လ်ဆီးအသင်းနဲ့ အံဝင်ခွင်ကျဖြစ်လာမယ့် နည်းပြတစ်ယောက်ဖြစ်လာမယ်လို့ ယုံကြည်နေကြပြီး လက်ရှိမှာလည်း ချယ်လ်ဆီးလူငယ်အကယ်ဒမီမှာ နည်းအပြ အဖြစ်လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် နှစ်(၂၀)ကျော် ကစားသမားဘဝအတွေ့အကြုံနဲ့ အက်စတွန်ဗီလာမှာ လက်ထောက်နည်းပြလုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေနဲ့ ချယ်လ်ဆီးနည်းပြအသစ်ဖြစ်လာမလားဆိုတာ စိတ်ဝင်စားနေကြပါတယ်။

Photo Credit From Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။