ပရီးမီးယားလိဂ် အင်အားကြီးကလပ် ၊ တစ်နည်းအားဖြင့် အသင်းကြီးလို့ဆိုရလောက်တဲ့ ချယ်လ်ဆီးအသင်း ပိုင်ရှင်ဟာ ချယ်လ်ဆီး နည်းပြဖြစ်သူ သောမတ်တူချယ်လ်ကို နည်းပြ ရာထူးကနေ တရားဝင် ထုတ်ပယ်လိုက်ကြောင်း တရားဝင် ကြေညာသွားပါပြီ။

Photo Credit From Original Uploader

သောမတ်စ်တူချယ်လ် ဟာ ဒီ ဘောလုံး ရာသီမှာ နည်းပြ ရာထူးကနေ ထုတ်ပယ်ခံရတဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ်နည်းပြ ဖြစ်လာခဲ့တယ်လို့သိရပါတယ်။ အသင်းနည်းပြဖြစ်သူ တူချယ်လ်ကို ထုတ်ပယ်ရခြင်းအကြောင်းအရင်းမှာ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံကစားနည်းတွေဟာ အတော်လေး ခြေပျက်နေတာကြောင့်ဖြစ်တယ်လို့သိရပါတယ်။

Photo Credit From Original Uploader

ဒီဘောလုံးရာသီမှာ အသင်းကြီး ဖြစ်တဲ့ ချယ်လ်ဆီး အသင်း ဟာ (၇)ပွဲ ကစားခဲ့ရာ နိုင်ပွဲ(၃)ပွဲ ရရှိခဲ့ပြီး သရေ(၁)ပွဲရရှိထားပါတယ်။ သို့ပေမယ့် ရှုံးပွဲ(၃)ပွဲရရှိခဲ့တာကြောင့် အသင်းပိုင်ရှင်က နည်းပြဖြစ်သူ သောမတ်စ်တူချယ်လ် ကို ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Photo Credit From Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။