မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက နည်းပြသစ် အဲရစ်ဆယ်ဟက်က အောင်မြင်တဲ့ အသင်းကို တည်ဆောက်နေပေမယ့် ကလပ်ကနေ ခရစ်စတီယာနို ရော်နယ်ဒိုကို ထွက်ခွင့်ပြုသင့်တယ်လို့ မှတ်ချက်ပေးလာခဲ့ပါတယ်။

Photo Credit - From Google

ပြီးခဲ့သည့်ရာသီက ဂျူဗင်တပ်စ်အသင်းမှ ယူနိုက်တက်သို့ ပြန်လည်ရောက်ရှိလာသည့် အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုဟာ အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ပျက်ကွက်ပြီးနောက် အိုးလ်ထရက်ဖို့ဒ်မှ ပြောင်းရွှေ့လိုကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။ "ယူနိုက်တက်က ခရစ္စတီယာနို ရော်နယ်ဒိုကို လွှတ်သင့်တယ် ဒါပေမယ့် ရော်နယ်ဒိုက Ten Hag အသင်းမှာ မကစားနိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူက ဘယ်အသင်းမှာမဆို ကစားနိုင်ပါတယ်" လို့ ယခု မေဂျာလိဂ်ကလပ် DC United အသင်းကို ကိုင်တွယ်နေသည့် ရွန်းနီက ရေးသားဖော်ပြခဲ့ပါတယ်။

Photo Credit - From Google

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲအရပ်ရပ် ၂၄ ဂိုးသွင်းခဲ့ပြီး ယူနိုက်တက်အတွက် မေ့ပျောက်လို့မရတဲ့ ရာသီအစမှာ ထွန်းတောက်လာခဲ့ပြီး အဆင့်ခြောက်နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။Ten Hag က အသင်းအတွက် ရော်နယ်ဒိုလို "ထိပ်တန်းတိုက်စစ်မှူး" ကို ပိုင်ဆိုင်ခွင့်ရလို့ ပျော်ရွှင်နေပြီး သူနဲ့ လက်တွဲဖို့ မျှော်လင့်နေတယ်လို့ Ten Hag က ပြောကြားခဲ့ပါတယ်။

Photo Credit - From Google

ယူနိုက်တက်ရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ ရွန်းနီက ဆယ်ဟက်ဂ်ဟာ သူ့ရဲ့အသင်းဟောင်းမှာ ပြတ်သားတဲ့ကစားဟန်ကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Photo Credit - From Google

သတင်းအရင်းမြစ်: Source - Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။