မန်ချက်စတာယူနိုက်တက်အသင်းကို တစ်ကျော့ပြန် ပြန်ရောက်လာခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ သိပ်မကြာခင် ဘန်ကောက်မှာ ပြုလုပ်မယ့် ရာသီကြို ခရီးစဉ်ကို လိုက်ပါတော့မှာ မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

စီရော်နယ်ဒိုဟာ ကိုယ်ရေးကိုယ်တာ နဲ့ မိသားစု ကိစ္စတွေကြောင့် အသင်းနဲ့ ဝေးကွာခဲ့ရပြီးနောက် ယူနိုက်တက်ကို လေ့ကျင့်ခန်းပြန်ဆင်းဖို့ အစီအစဥ်မရှိကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း ယခုအပတ်မှာတင် အိမ်ကွင်းမှာ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်တယ်လို့သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ခရစ္စတီယာနို ရော်နယ်ဒိုဟာ အပြောင်းအရွှေ့ဈေးကွက်အနေနဲ့လည်း ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်မှ ထွက်ခွာရန် ဆန္ဒရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။ ဒါ​တင်သာမက အသက် (၃၇) နှစ်အရွယ်ရှိ ရော်နယ်ဒို ဟာ"မိသားစုရေးရာ" ကြောင့် ဆိုတဲ့ အကြောင်းပြချက်ဖြင့် ယခုအပြောင်းအရွှေ့ကာလတွင် အိုးထရက်ဖို့ဒ်မှ ထွက်ခွာလိုကြောင်း ရှင်းလင်းပြောကြားပြီးနောက် ဘန်ကောက်ပွဲစဉ်ကိုပါ မလိုက်ပါတော့ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒို အသင်းမှထွက်ခွာမှုအပေါ် ချယ်လ်ဆီးအသင်းကလည်း ရော်နယ်ဒိုကို စိတ်ဝင်စားနေပြီး ကလပ်အသင်းက ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ သတင်းတွေထွက်နေပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။