Tik Tok Application ဟာ လူမှုကွန်ယက်အသုံးပြုသူများအကြား Facebook ပြီးရင် ဒုတိယ လူသုံးအများဆုံး Social Media Application ဖြစ်ပါတယ်။ လူတော်တော်များများက Tik Tok ကို စိတ်ပျော်စရာအနေနဲ့ အသုံးပြုကြသလို အချို့ကတော့ ဗဟုသုတရဖို့လည်းအသုံးပြုကြသလို အချို့ကတော့ ကဖို့ သီးသန့် အသုံးပြုကြပါတယ်။

Photo Credit from Original Uploader

Tik Tok ဟာ အသုံးပြုသူများနေခဲ့ပေမယ့် သိပ်မကြာခင်က အမေရိကန်ဆက်သွယ်ရေး ၀န်ကြီးဌာန (FCC)မှ Brendan Carr ဆိုသူက Tik Tok ဟာ အသုံးပြုသူတွေရဲ့ Browsing History, LocationData တွေနဲ့ အခြား data ပေါင်းများစွာကို လျှို့ဝှက်စွာ ရယူနေပြီး အချက်အလက်ပေါင်းများစွာကို ခိုးယူသိုလှောင်ထားတယ်လို့ ပြောဆိုလာပါတယ်။

Photo Credit from Original Uploader

အဲ့လို ကိုယ်ပိုင်အချက်အလက်တွေခိုးယူမှုတွေကြောင့် Google Playstore နဲ့ App Store တွေမှ Tik Tok Application ကို ဖြုတ်ချပစ်ဖို့ စာပို့တောင်းဆိုခဲ့ပါတယ်။ ယခုအခါမှာတော့ ဒီဇူလိုင်လကုန်တာနဲ့ Apple' ရဲ့ App Store' မှ “Tik Tok App” ကို FTC' ရဲ့ လုံခြုံရေးအရ ဖြုတ်ချပေးဖို့ တောင်းဆိုမှုများကြောင့် အပြီးဖြုတ်ချနိုင်တယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ Tik Tok အသုံးပြုသူတွေအနေနဲ့တော့ ဘယ်လိုဆက်သွားမလဲဆိုတာအင်မတန်စိတ်ဝင်စားစရာပါပဲ။

Photo Credit from Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။