အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင်(၂)ရက်မှ (၁၅) ရက်အထိ ကျင်းပပြုလုပ်မယ့် အာဆီယံ ယူ-၁၉ အမျိုးသားဘောလုံးပွဲ အဖွင့်ပွဲ မှာ မြန်မာအသင်း က ဘရူနိုင်းအသင်းကို (၇) ဂိုးပြတ်နဲ့ နိုင်ပြီလို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။

Photo Credit from Original Uploader

အဆိုပါဖွင့်ပွဲကို ယနေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး အဖွင့်ပွဲကို မြန်မာအသင်း နဲ့ ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ မြန်မာအသင်းက အုပ်စုတွင်းမှာ အားအနည်းဆုံးအသင်းဖြစ်တဲ့ ဘရူနိုင်းအသင်းကို (၇) ဂိုး ဂိုးမရှိ ၊ ဂိုးပြတ်နဲ့ အပြတ်အသတ် နိုင်သွားခဲ့တာဖြစ်ပါတယ်။

Photo Credit from Original Uploader

မြန်မာ့လက်ရွေးစင် ယူ -၁၉ အသင်း ဟာ ဇူလိုင် (၄) ရက်တွင် ထိုင်းအသင်း ၊ ဇူလိုင် (၆) ရက်တွင် ဖိလစ်ပိုင်အသင်း ၊ ဇူလိုင် (၈) ရက်တွင် ဗီယက်နမ်အသင်း နဲ့ ဇူလိုင် (၁၀) ရက်တွင် အိမ်ရှင်အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit from Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။