မြန်မာ့ဂုဏ်ကိုဆောင်ထားတဲ့ MMAဖိုက်တာကစားသမား အောင်လအန်ဆန် က ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတာ ဖြစ်ပါတယ်။ အောင်လအန်ဆန်ဟာ အရင်ကအောင်ပွဲတွေကို ရယူနိုင်ခဲ့ပေမယ့် ကိုဗစ်ကူးစက်ခံရပြီးတဲ့နောက်ပိုင်းမှာ အရှုံးတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရပါတယ်။ ဘယ်လိုရလဒ်မျိုးတွေနဲ့ပဲ ဖြစ်ပါစေ ပရိသတ်တွေကတော့ အမြဲတမ်းအားပေးနေတာဖြစ်ပါတယ်။

Photo Credit - Aung La Nsang(Burmese Python)'s
Photo Credit - Aung La Nsang(Burmese Python)'s

ချစ်တဲ့ ပရိသတ်တွေ အားပေးရကျိုးနပ်အောင်လည်း အောင်လအန်ဆန်ဟာ နေ့စဥ်အမြဲ ကြိုးစားနေတာပါ။ မကြာခဏဆိုရင်လည်း ရှုံးဆုံးလိုက်ရတဲ့ ဆုတံဆိပ်တွေကို ပြန်လည်ရရှိအောင် ပြင်းပြတဲ့ခံစားမှုနဲ့ အားသွန်ခွန်စိုက် အပြင်းအထန်လေ့ကျင့်နေတဲ့ အခိုက်အတန့်တွေကို ချစ်တဲ့ပရိသတ်တွေအတွက် ဖော်ပြပေးတာ တွေ့ရပါတယ်။

Photo Credit - Aung La Nsang(Burmese Python)'s
Photo Credit - Aung La Nsang(Burmese Python)'s

ယခုမှာလည်း ပရိသတ်တွေရဲ့ အချစ်တော် အောင်လအန်ဆန် က ရုပ်သံဖိုင်လေးတစ်ခု ဖော်ပြလာခဲ့ပါတယ်။ ဒါကတော့ ထုံစံအတိုင်း နည်းပြဆရာတွေနဲ့အတူ အပြင်းအထန်လေ့ကျင့် နေတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုမှာ သတိထားမိတာကတော့ အောင်လအန်ဆန်ဟာ အရင်ကထားခဲ့တဲ့ နှုတ်ခမ်းမွှေး ၊ မုတ်ဆိတ်မွှေးတွေ ရိတ်ထားတာ တွေ့ရပါတယ်။ အောင်ပွဲတွေရယူဖို့ ပြင်းပြတဲ့ ခံစားမှုနဲ့ အပြင်းအထန်လေ့ကျင့်ရေး လုပ်နေတဲ့ အောင်လအန်ဆန်ကို ဂုဏ်ပြုစကားလေးတွေ ပြောပေးခဲ့ပါဦး။

သတင်းအရင်းမြစ်: Video Source - Aung La Nsang(Burmese Python)'s

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။