၂၀၁၄ ခုနှစ်တုန်းက The Idle Mermaid နဲ့အတူသရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး တလောကထွက်ရှိခဲ့တဲ့ Twenty-Five,Twenty-One ဇာတ်လမ်းတွဲမှာ မြန်မာပရိသတ်တွေအများကြီးကိုပါဖမ်းစားနိုင်ခဲ့တဲ့ မင်းသားချော နမ်ဂျူဟော့ဟာ ကျောင်းတုန်းကအတန်းဖော်တွေကို အနိုင်ကျင့်မှုတွေပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

Allkpop ဝက်ဆိုဒ်ရဲ့တင်ပြချက်အရ နမ်ဂျူဟော့ဟာ အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းတုန်းက အတန်းဖော်တွေကို ခြောက်နှစ်ဆက်တိုက် အနိုင်ကျင့်ခဲ့တယ်လို့ အမည်မဖော်သူတစ်ယောက်က ထုတ်ပြောလာတာပါ။နမ်ဂျူဟော့ဟာ အနိုင်ကျင့်တဲ့အဖွဲ့တစ်ဖွဲ့ထဲမှာပါဝင်ခဲ့ပြီး အတန်းဖော်တွေကိုရိုက်တာတွေ၊ဆဲဆိုတာတွေ၊ပိုက်ဆံတွေကိုလုယူတာတွေလုပ်ခဲ့ပါတယ်တဲ့။သက်သေအဖြစ် ကျောင်းနှစ်ချုပ်စာအုပ်တစ်အုပ်ရဲ့ပုံကိုတောင် တင်ထားပါသေးတယ်။

ကာယကံရှင်ကိုလည်း နမ်ဂျူဟော့က ခဲဆံတွေနဲ့ပစ်ပေါက်၊သူထိုင်မယ့်ထိုင်ခုံကို ဆွဲထုတ်တာတွေ လုပ်ခဲ့တယ်လို့ထုတ်ပြောထားပါတယ်။သူအနိုင်ကျင့်တာကိုခံခဲ့ရတဲ့တခြားသူတွေဟာ လက်ရှိချိန်မှာစိတ်ဒဏ်ရာရနေကြပြီး သူ့ကိုမြင်ရမှာစိုးလို့ TV တောင်မကြည့်ကြပါဘူးတဲ့။သူ့အနေနဲ့ဘာမှမလိုချင်ပဲ လက်ရှိအဲ့လိုခံစားနေရသူတွေကိုသာ ကူညီစေချင်တယ်လို့ ပြောထားပါတယ်။

K pop လောကနဲ့ တောင်ကိုရီးယားအနုပညာနယ်ပယ်မှာ အနုပညာရှင်တစ်ယောက်နာမည်ကြီးလာရင် ကျောင်းတုန်းကအတန်းဖော်တွေကို အနိုင်ကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အတွေ့များလာရပါတယ်။တကယ်ပဲအနိုင်ကျင့်ခဲ့သလား ဒါမှမဟုတ် လီဆယ်ပြောကြတာလားမသိရပေမဲ့ တချို့သူတွေမှာ လက်ရှိအနုပညာအလုပ်တွေကို ရပ်နားပစ်ရလောက်တဲ့ထိကို ထိရောက်မှုတွေရှိခဲ့ဖူးပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။