စိတ်ဖိစီးခြင်း နဲ့ စိတ်ပူပန်ရခြင်းခံစားရတဲ့အခါ ဒါမှမဟုတ် ပြင်ပအပူချိန်မြင့်တက်တာကြောင့် ခန္ဓာကိုယ်အပူချိန်မြင့်တက်လာတဲ့အခါတွေမှာ ခန္ဓာကိုယ်မှာရှိတဲ့ ချွေးဂလင်းတွေက အလုပ်လုပ်လာပါတယ်။ တကယ်တော့ ချွေးမှာ အနံ့ဆိုတာမရှိပါဘူး။ ချွေးထွက်လာတဲ့အချိန်မှာ ချွေးက ခန္ဓာကိုယ်မှာရှိတဲ့ အရေပြားရဲ့မျက်နှာပြင်ကို ဖြတ်ပြီး ဘက်တီးရီးယားများနဲ့ပေါင်းစပ်လိုက်တာကြောင့် ချွေးနံ့ဆိုးတယ်ဆိုတာဖြစ်ပေါ်လာတာပါ။ တစ်ချို့သော ဓာတုဒြပ်စင်ပါတဲ့ အစားအသောက်တွေကို စားသောက်ခြင်းက ခန္ဓာကိုယ်ရဲ့ ချွေးနံ့ကို အနံ့မခံနိုင်လောက်တဲ့အထိ ပြင်းထန်တဲ့အဆင့်ကို ရောက်ရှိစေပါတယ်။

ဒါကြောင့် ချွေးနံ့မပြင်းချင်ရင် ရှောင်ရမယ့်အစားအသောက်တွေကို ဝေမျှပေးပါမယ်။

အနီရောင်အသားတွေ

အသားကင်တွေဟာ အရသာအလွန်ရှိတာမှန်ပေမယ့် ရေရှည်မှာ ဗိုက်ပိုဆာလောင်စေမှာဖြစ်ပြီး ခန္ဓာကိုယ်အနံ့အသက်ကိုလည်း ပျက်စီးစေပါတယ်။ အနီရောင်အသားတွေဟာ အစာကြေဖို့လည်း ခဲယဉ်းပါတယ်။

အရက်

အရက်သောက်လိုက်တာနဲ့တစ်ပြိုင်နက် အယ်လ်ကိုဟောက အက်ဆီတစ်အက်စစ်အဖြစ်ကို ပြောင်းလဲသွားပြီးနောက် ချွေးပေါက်တွေကနေတစ်ဆင့် ပြန်လည်ထွက်ပေါ်လာပါတယ်။ အဲ့ဒီ အက်ဆီတစ်အက်စစ်ကြောင့် ခန္ဓာကိုယ်အနံ့ပိုပြင်းလာပါတယ်။

ငါး

ငါးစားသုံးခြင်းက ကျန်းမာရေးအတွက် အလွန်အကျိုးရှိတဲ့အပြင် ငါးမှာကောင်းတဲ့အဆီဖြစ်တဲ့ အိုမီဂါ -၃ လည်းအများအပြားပါဝင်ပါတယ်။ ဒါပေမယ့် ငါးမှာပါဝင်တဲ့ choline ဓာတ်က ပြင်းထန်တဲ့ ငါးညှီနံ့ထုတ်ပေးတာကြောင့် ခန္ဓာကိုယ် အနံ့အသက်ပြင်းစေပါတယ်။

အာဟာရမရှိတဲ့အစားအစာ

ဒီအစားအစာတွေကတော့ လုံးဝ စားလို့ မသင့်တဲ့ထဲမှာ ပါရှိပါတယ်။ အဲ့ဒီ ဘာဂါတို့၊ အာလူးကြော်တို့လို အစားအစာတွေဟာ ခန္ဓာကိုယ်ရှိ ကိုလက်စထရောပမာဏကို မြင့်တင်ပေးပြီး ပြုပြင်ထားတဲ့ ပါဝင်ပစ္စည်းတွေနဲ့လည်း ပြည့်နှက်နေတာကြောင့် ကိုယ်နံ့ကို ပြင်းစေမှာဖြစ်ပါတယ်။

အခုပြောပြထားတဲ့ အစားအစာတွေကိုရှောင်ကျဉ်ခြင်းက ခန္ဓာကိုယ်အနံ့အသက်ကောင်းစေဖို့အတွက် များစွာအထောက်အကူပြုမှာပဲဖြစ်ပါတယ်။

source - allure

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။