လူတွေက စိုးရိမ်ပူပန်တဲ့အချိန် ဒါမှမဟုတ် ကြောက်ရွံ့တဲ့အချိန်မျိုးမှာဆိုရင် ခန္ဓာကိုယ်ကနေ အလိုအလျောက် တုံ့ပြန်မှုတွေ ထွက်လာတတ်ပြီး တုန့်ပြန်ပုံတွေဟာလည်း တစ်ယောက်နဲ့ တစ်ယောက်မတူညီကြပါဘူး။ ဒီမတူညီတဲ့ တုန့်ပြန်ပုံတွေထဲမှာ ဆံပင်ကိုလက်နဲ့ လိမ်နေမိတာ၊ အနီးအနားက ပစ္စည်းကိရိယာတစ်ခုခုကို ကလိနေမိတာနဲ့ လက်သည်းကိုက်နေမိတာမျိုးတွေရှိတတ်တာကြောင့် လက်သည်းကိုက်တယ်ဆိုတာက အထူးအဆန်းကိစ္စရပ်တစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း လက်သည်းကိုက်လိုက်တဲ့အခါမှာ ကျန်းမာရေးအပေါ် ဆိုးကျိုးများစွာ သက်ရောက်စေပါတယ်။ ဒါကြောင့် လက်သည်းကို ဘယ်အချိန်မှာမှ မကိုက်သင့်တာဖြစ်ပြီး ကိုက်တဲ့အခါ ဖြစ်ပေါ်လာမယ့် ကျန်းမာရေးဆိုးကျိုးတွေကို မျှဝေပေးသွားပါမယ်။

ရောဂါပိုးဝင်တာ

လက်သည်းကိုက်လိုက်တဲ့အတွက် အသားနုကို ဖုံးထားတဲ့ လက်သည်းမရှိတော့မှာဖြစ်ပြီး အဲ့ဒီအသားနုဆီကို ပါးစပ်မှ ဘက်တီးရီးယား နဲ့ ပြင်ပက ရောဂါပိုးတွေ အလွယ်တကူပဲဝင်လာမှာဖြစ်ပါတယ်။ နောက်ပြီး ပါးစပ်ဆိုတာဟာ ဘက်တီးရီးယားတွေ ပြည့်နှက်တဲ့နေရာဖြစ်တာကြောင့် ပိုးဟာအလွယ်တကူပဲ ကူးစက်နိုင်ပါတယ်။ ဒီလိုကူးစက်ခံရတဲ့အခါမှာ အဖြစ်အများဆုံးကတော့ ရောင်ရမ်းတာ၊ နီတာ၊ နာကျင်တာတို့အပြင် ပြည်ဖုတွေပါဖြစ်တတ်ပါတယ်။

လက်စွယ်ငုပ်တာ

လက်သည်းမှာ မွှေ့ယာပုံသဏ္ဍာန်ရှိပြီး ပွားနိုင်စွမ်းရှိတဲ့ မက်ထရစ်လို့ခေါ်တဲ့အလွှာတစ်ခုရှိပါတယ်။ လက်သည်းကိုက်လိုက်တဲ့အခါမှာ ရောဂါပိုးဝင်ရောက်လာတဲ့အတွက် အဲ့ဒီအလွှာကို ပျက်စီးစေပြီး နာတာရှည်လက်သည်းမပေါက်တာမျိုးတွေနဲ့အတူ လက်စွယ်ငုပ်သွားတတ်ပါတယ်။

သွားပြဿနာဖြစ်တာ

မကြာခဏဆိုသလို လက်သည်းကိုက်လေ့ရှိတဲ့အခါ သွားအမြစ်များကို ထိန်းသိမ်းပေးထားတဲ့ သွားအစွပ်ဟာ ပုံပျက်သွားတာ ဒါမှမဟုတ် ပျက်စီးသွားတတ်ပါတယ်။ ဒါ့အပြင် လက်သည်းကိုက်တဲ့အခါ သွားကျိုးခြင်းကိုလည်း ဖြစ်ပေါ်စေတတ်ပြီး သွားဖုံးရောဂါဖြစ်နိုင်ခြေလည်း များစေပါတယ်။

နာမကျန်းဖြစ်တာ

လက်သည်းကိုက်ခြင်းကြောင့် လက်သည်းထဲကို ပါးစပ်ထဲမှ ရောဂါပိုးတွေဝင်မှာဖြစ်သလို အပြန်အလှန်အနေနဲ့ လက်ချောင်းမှာရှိတဲ့ ဘက်တီးရီးယားတွေကလည်း ပါးစပ်ထဲကို ဝင်လာမှာဖြစ်ပါတယ်။ ဒီအခါမှာ သာမန်အအေးမိဖျားနာခြင်းကနေတစ်ဆင့် ပြင်းထန်တဲ့ရောဂါတွေဖြစ်တဲ့ အစာအိမ်ပြဿနာလိုမျိုးတွေအထိပါ ဖြစ်လာစေနိုင်ပါတယ်။

အဆုံးသတ်ရရင် လက်သည်းကိုက်တာဟာ ကျန်းမာရေးအတွက် ဆိုးကျိုးများစွာဖြစ်စေတာကြောင့် တတ်နိုင်သလောက်ရှောင်ရှားကြဖို့ အကြံပြုလိုက်ပါတယ်။

source - vitalrecord

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။