လတ်တလော မြို့နယ်တချို့တွေမှာ လူထုလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေကြသလို စစ်အာဏာရှင် တော်လှန်ဖို့ လူငယ်တွေအများစုပါဝင်တဲ့ PDF အဖွဲ့များကိုလည်း ပိုမို ဖွဲ့စည်းလာတာ တွေ့ရပါတယ်။ ဒါ့အပြင် နေ့စဥ်ဆိုသလို အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်မှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ၎င်းတို့ရဲ့ယန္တရား လည်ပတ်ရေးအတွက် ပါဝင်သူများနှင့် ဒလန်များကို PDF အဖွဲ့များက သတိပေးချက်တွေလည်း ထုတ်ပြန်နေတာ တွေ့ရပါတယ်။

Photo Credit - Original Upload

ယခုမှာလည်း မဟာမိတ်တပ်ပေါင်းစုအဖြစ် ပဲခူး၊ သိမ်ဇရပ်နှင့် မော်လမြိုင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့(PDF)များက စစ်ကောင်စီများနဲ့ပါဝင်ပတ်သက်သူများကို သတိပေးချက်တစ်ခု ထုတ်ပြန်လာခဲ့ပါတယ်။ ယင်း စုပေါင်းထုတ်ပြန်ချက်မှာတော့ ၎င်းတို့ဟာ ပြည်သူများကို စစ်ကောင်စီရန်ကနေ ကာကွယ်ပေးမှာဖြစ်လို့စစ်ကောင်စီဝင်များနှင့် ပါဝင်ပတ်သက်သူများ ဒလန်များကို ပူးပေါင်းရှင်းလင်းသွားမည်ဆိုပြီး သတိပေးဖော်ပြလာခဲ့ပါတယ်။

Photo Credit - Original Upload

ဒါ့အပြင် ပြည်သူများကိုလည်း ၎င်းတို့ PDF အဖွဲ့များရဲ့ ကြိုတင်လှုပ်ရှားမှုများ နှင့် မြေပြင် လှုပ်ရှားမှုများကို လုံခြုံရေးအတွက် လူမှုကွန်ယက်ပေါ်တွေမှာ ရေးသားဖြန့်ဝေခြင်းမပြုလုပ်ဖို့၊ စစ်ကောင်စီနဲ့ ဒလန်များရဲ့ လှုပ်ရှားမှုတွေကို အချိန်နှင့်တပြေးညီ ပေးပို့ကြဖို့ကိုလည်း အသိပေး မေတ္တာရပ်ခံလာခဲ့တာတွေ့ရပါတယ်။ ယင်း မဟာမိတ်(၃)ဖွဲ့ရဲ့ စုပေါင်းထုတ်ပြန်ချက်ကတော့ သတင်းပေးဒလန်ကြောင့် မန္တလေးPDFအဖွဲ့တွေ တိုက်ခိုက်ခံရပြီးနောက်မှာ ပထမဆုံးထုတ်ပြန်လာခဲ့တဲ့ သတိပေးချက်တစ်ခုပဲ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

သတင်းအရင်းမြစ်: Source - Original Upload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။