ထွန်းကိုကိုကတော့ ပရိသတ်တွေသိရှိပြီးသားအတိုင်းအောင်မြင်တဲ့ မော်ဒယ်သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။အမြဲလိုလို စမတ်ကျနေတတ်တဲ့ ထွန်းကိုကိုရဲ့ ဖက်ရှင်ပုံရိပ်လေးတွေကလည်း ကောင်မလေးတွေကြွေခဲ့ရတာဖြစ်ပါတယ်။နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကျော် ထွန်းကိုကို ကတော့ အမြဲလို သန့်ပြန့်ပြီး အထာကျကျခန့်ညားနေတာဖြစ်ပါတယ်။
ထွန်းကိုကိုကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း ပရိသတ်တွေမျှော်လင့်ထားတဲ့ အတိုင်းသရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ဒါ့အပြင်ပရဟိတလုပ်ငန်းတွေကိုလည်း ရှေ့ကဦးဆောင်ကာလုပ်ကိုင်နေသူလည်းဖြစ်ပါတယ် ။
လတ်တလောမှာတော့ ကိုဗစ်ရောဂါကိုဆေးရုံတက်ကုသနေပြီးဒီနေ့လေးမှာပဲဆေးရုံကဆင်းခဲ့ရာ အိမ်ရောက်ရောက်ခြင်းမှာပဲဆေးရုံကပြန်ခေါ်ကြောင်းစာလေးရေးသားခဲ့ရာ ပရိသတ်အချို့ကတော့ စိတ်ပူပန်နေကြတာတွေ့ရပါတယ် ။သိပ်မကြာခင်မှာပဲ မဲပေးဖို့ သွားရောက်ခဲ့ရကြောင်းပုံလေးတွေနဲ့တကွပြန်လည်ဖော်ပြခဲ့တာတွေ့ရတာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ် ။
Source & Photo Credit : Tun Ko Ko Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။